နေပြည်တော် အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် ည၆ နာရီခန့်တွင် နန့်အူကြီးကျေးရွာ အနီး၌အောင်ကိုသိန်း(ဘ)ဦးမောင်ပွဲအား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းထံမှ ဘိန်းဖြူဆပ်ပြာခွက် ကိုးခွက်၊ ၉ဝ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃ သိန်း)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝ နာရီခွဲခန့်တွင် ဆွတ်အောင်ကျေးရွာ အနီး၌ ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် မမုံကျေးရွာဘက်မှ ဆွတ်အောင် ကျေးရွာဘက်သို့ စောထွန်းမြင့်(ဘ)ဦးသန်းအေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် ရှေ့ခွကြားရှိ အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက်၊ ၉၉ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉ သိန်းကျော်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါမော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဗန်းမော်မြို့နယ် မူးယစ်တပ်ဖွဲ့နှင့် ဖားကန့်မြို့မရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။