ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ပညာရေးမှူးများ နှင့် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ပညာရေးမှူးများ နှင့် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ပညာရေးမှူးများ နှင့် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာကြသော ဆရာ၊ ဆရာမများ အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ရာ ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။
အဆိုပါ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည် နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမများ စုစုပေါင်း ၁၁၁ ဦးတို့ဖြင့် မေ ၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။