ကျိုင်းတုံမြို့၌ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း ကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

ကျိုင်းတုံမြို့၌ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း ကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  မေ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် မြို့နယ်ပညာရေးမှူးများ၊  အထက်တန်း ကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး    အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် သင်တန်း တက်ရောက်ကြမည့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဆက်လက်ပြောကြားသည်။ ထို့နောက် တိုင်းမှူးက သင်တန်း တက်ရောက်လျက်ရှိသော ဆရာ၊ ဆရာမများအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ    ပေးအပ်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ် ကြီးများ၊   အလယ်တန်းကျောင်းအုပ်ကြီးများနှင့် သင်တန်းနည်းပြများ၊ စုစုပေါင်း ၇၀ ဦးဖြင့် မေ ၃  ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။