၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်   မေ  ၂

၂၀၂၂ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ  ကာကွယ်ရေးဦးစီးချုပ် (လေ)ကိုယ်စား လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်နှင့် တပ်မတော်(လေ)မှ  အရာရှိ/စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများနှင့်    အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ  လေတပ်စခန်းဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ အဖွင့်ပွဲစဉ်ဖြစ်သည့်   မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်အသင်းနှင့် လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘော ပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်း၊ ဌာနချုပ် အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၃)သင်းနှင့် အမျိုးသမီးအသင်း(၈)သင်းတို့ဖြင့် မေ ၉ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။