မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖျာပုံမြို့နယ်၊ ကျင်းကြီးဒေါင့် ကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖျာပုံမြို့နယ်၊ ကျင်းကြီးဒေါင့် ကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်  မေ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်းကြီးဒေါင့် ကျေးရွာရှိ မစိုးစိုး(ဘ)ဦးဘိုနီ နေအိမ်၌ ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ထမင်းချက်ပြုတ်ရာမှ မီးကြွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် ၅၅ လုံး မီးလောင်ပျက်စီးခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေရာသို့ မေ ၁ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီး/ခရိုင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်၍ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး မီးဘေးသင့်အိမ်ထောင်စု ၅၃ စုအတွက် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး ၅၃ ပုံး၊ ထောက်ပံ့ငွေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ထောက်ပံ့သော ထောက်ပံ့ငွေတို့ကို ပေးအပ်ရာ မီးဘေးသင့် ပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း  သတင်းရရှိသည်။