ပီအက်စ်ဂျီအသင်းသည် လာမည့် နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် ပထမဆုံးခေါ်ယူ မည့်ကစားသမားအဖြစ် ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်အတွက် အဆင်မပြေ ဖြစ်နေသည့် တိုက်စစ်မှူး ဒမ်ဘီလီကိုခေါ်ယူရန် တရားဝင်ကမ်းလှမ်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ဒမ်ဘီလီသည် ၂၀၁၇ ခုနှစ်က ဒေါ့မွန်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီ အကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိမည် ဖြစ်သည်။
ဒမ်ဘီလီသည် အစောပိုင်းက ဒဏ်ရာပြဿနာများ နှင့်သာ ရုန်းကန်ခဲ့ရသော်လည်း ယခုဘောလုံးရာသီဝက် နောက်ပိုင်းတွင် အသင်းနှင့် ပြန်လည်ပွဲထွက်ခွင့် ရရှိခဲ့ကာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသည်။
ဘာစီလိုနာ အသင်းသည် အစောပိုင်းက ဒမ်ဘီလီကို လက်လွှတ်ရန် ဆုံးဖြတ်ထားသော်လည်း နောက်ပိုင်း တွင် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပီအက်စ်ဂျီအသင်းက တရားဝင်ကမ်းလှမ်း မှုများစတင်ပြုလုပ်ခဲ့ပြီး လုပ်ခလစာကိုလည်း တစ်နှစ် လုပ်ခလစာ စတာလင်ပေါင် ၁၇ သန်းအထိပေးပြီး ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း သိရသည်။
Ref;Marca