​​​​​​​(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ မေ - ၃

(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများသွေးလိုအပ်မှု မရှိ စေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နေ့လယ်ပိုင်း တွင် အဆိုပါဆေးရုံ၌ပြုလုပ်ရာ ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြ သည်။

ဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများခံယူ၍ သတ်မှတ်နေရာအသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။  ထိုသို့စုပေါင်းသွေးလှူဒါန်းနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက အဆိုပါဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား မေးမြန်းအားပေးစကား ပြောကြားပြီး ထောက်ပံငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။