မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နွေရာသီသင်တန်းများ၌ တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နွေရာသီသင်တန်းများ၌ တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ မေ - ၃

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်ထားရှိသည့် နွေရာသီသင်တန်းများဖြစ်သော ယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာအခြေခံသင် တန်းများသို့ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး  တာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံကာ လိုအပ် သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ သင်တန်းများကို သင်တန်းသား၊ သင်တန်းသူ ၃၆၆ ဦးဖြင့် မေ ၂ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။