နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ ငါး၊ ပုဇွန် ( တန် ၁၀၀၀ ) အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှု၊ ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးအား ဖူးမြှော်ကြည်ညို
နေပြည်တော် မေ-၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ယနေ့နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ ငါး၊ ပုဇွန် (တန် ၁၀၀၀) အအေးခန်းစက်ရုံ သွားရောက်ကြည့်ရှုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စက်ရုံသို့ ရောက်ရှိကြပြီး ခင်းကျင်းပြထားသည့် GAqP (Good Aquaculture Practices) လုပ်ငန်းစဉ်အတိုင်း ထုတ်လုပ်ထားသည့် ငါး၊ ပုဇွန်များ ထုတ်ပိုးထားမှု အဆင့်ဆင့် အား ကြည့်ရှုကြသည်။
ထို့နောက် စက်ရုံဧည့်ခန်းမဆောင်၌ စက်ရုံအုပ်ချုပ်မှု ဒါရိုက်တာ ဦးလှသန်း က ကုမ္ပဏီမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ခေတ်မီရေငန် ပုဇွန်များ မွေးမြူထားရှိိမှု၊ အအေးခန်းစက်ရုံ ကုန်ပစ္စည်းများထုတ်လုပ်မှု အဆင့်ဆင့် များအားလည်းကောင်း၊ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီ မိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ မြိတ်မြို့ နိုင်ငံတကာအဆင့်မီ ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးနှင့် စက်မှုဇုန်စီမံကိန်းကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လုပ်ငန်းလိုချက်များ နှင့်ပါတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကိုယ်ထူကိုယ်ထ သင်္ဘောလွန်းကျင်းလုပ်ငန်းခွင်၊ ငါး၊ ပုဇွန် များ မွေးမြူထားရှိသည့် ကန်များအား မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုကြသည်။
အဆိုပါ (တန် ၁၀၀၀)အအေးခန်း စက်ရုံသည် မြိတ်မြို့အနီး ပထော်-ပထက်ကျွန်း၌ ရေထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်၊ ရရှိလာသည့် ရေထွက်ကုန်ကြမ်းပစ္စည်းများ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်၊ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေရရှိမှု ပိုမိုတိုးတက်လာ စေရန်၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ လူသား အရင်းအမြစ်များ ပိုမိုဖွံဖြိုးတိုးလာစေရန်၊ နိုင်ငံတော်သို့ အခွန်ငွေများကို တစ်နှစ်ထက် တစ်နှစ်ပိုမိုပေးသွင်းထမ်းဆောင်နိုင်စေရန်၊ ဒေသခံတိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး လုံခြုံစိတ်ချသော လူမှုဘဝကို ပိုင်ဆိုင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များနှင့်အညီ ၁၉၉၈ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ရေထွက် ပစ္စည်းများကို အရည်အသွေး၊ အရွယ်အစား ရွေးချယ်စစ်ဆေးခြင်း၊ ဝယ်ယူပြီး ဆေးကြောသန့်စင်ခြင်း၊ စနစ်တကျထုတ်ပိုးခြင်း၊ အအေးခဲတုံးများပြုလုပ်ခြင်း၊ အအေး ခန်းများအတွင်းသို သိုလှောင်ခြင်းများကို အဆင့်ဆင့်ပြုလုပ်ရောင်းချလျက်ရှိသည့် အပြင် မြိတ်ဒေသတစ်ခုလုံးရှိ ငါးဖမ်းစက်လှေ ၁၈၀၀ စီးနီးပါးတို့၏ ဖမ်းဆီးရမိငါး/ ပုဇွန်များကိုလည်း ဝယ်ယူပေးလျက်ရှိကြောင်း၊ ဂျပန်၊ အမေရိကန်၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသော ပြည်ပနိုင်ငံများသို့လည်း အမှာစာများအတိုင်း GAqP လုပ်ငန်းစဉ်နှင့်အညီ သတ်မှတ်စံချိန်စံညွှန်းအတိုင်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နှစ်စဉ် ရေငန် ငါးမျိုးစုံ ၁၀၀၀ တန်ခန့်၊ ပုဇွန် တန် ၆၀၀ ခန့်၊ ကဏန်းပျော့တန် ၂၉၀ ခန့်ကို ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံတော်အတွက်လည်း တာဝန်ကျေပွန်စွာ သတ်မှတ် အခွန်နှုန်းထားများအတိုင်း ပေးသွင်းလျက်ရှိသည့် နိုင်ငံ့အခွန်ထမ်းကုမ္ပဏီ တစ်ခုဖြစ် ကြောင်းလည်း သိရှိရသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညို၍ အလှူငွေများအား ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင် များက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည် ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဘုရားကြီးဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။