ရီးယဲလ်မက်ဒရစ်အသင်း ခံစစ်ကစားသမားတစ်ဦးဖြစ်သည့် အလာဘာအနေဖြင့် တံကောက်ကြောဒဏ်ရာ သက်သာခြင်း မရှိသေးသည့်အတွက် ယခုဘောလုံးရာသီကုန်ချိန်အထိ အနားယူရဖွယ်ရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အသက် ၃၀ နှစ်အရွယ် အလာဘာသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဘိုင်ယန်မြူးနစ်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ယခုဘောလုံးရာသီတွင် ခြေစွမ်းပြလျက်ရှိပြီး အဓိကဗဟိုခံစစ်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။
အလာဘာသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကစားသည့် မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် ပွဲချိန်ပြည့်ပါဝင် ကစားခဲ့သော်လည်း အဆိုပါပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားသည့် အက်စ်ပန်ညိုအသင်းနှင့်ပွဲစဉ်ကို လွဲချော်ခဲ့သည့်အပြင် မန်စီးတီးအသင်းနှင့်ဒုတိယအကျော့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက အလာဘာရဲ့ဒဏ်ရာက အချိန်မီသက်သာခြင်း မရှိလို့ လာမယ့်ပွဲစဉ်တွေမှာလည်း ပါဝင်ဖို့မသေချာသေးပါဘူး။ သူ့အနေနဲ့ ဒဏ်ရာကနေ အမြန်ဆုံးပြန်လည်သက်သာဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ အဆင်သင့်မဖြစ်သေးပါဘူး။
ရာသီကုန်ချိန်အထိ အနားယူရနိုင်ပါတယ်ဟု ထုတ်ပြန်ခဲ့သည်။
Ref;Marca