နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများအား ဂုဏ်ပြုချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ မေ - ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမှတ်အမှတ်၊ ၅၄/၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခံရသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်းခံရသည့် အရာရှိများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခံရသည့် အရာရှိ ၁၂ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။