(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ(Pre-conference Workshop)ကျင်းပ
နေပြည်တော်၊ မေ -၅
(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲ(Pre-conference Workshop)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင်-၅၀၀) တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွန့်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်များမှ အရိုးရောဂါဆေးပညာဌာန ပါမောက္ခဌာနမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်း သားများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး အကြို အလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကို “AO PRINCIPlE OF FRACTURE FIXATION BASIC COURSE” ခေါင်းစဉ်ဖြင့်ပြုလုပ်သည်။ ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနမှူး များက နံနက်ပိုင်းအစီအစဉ်တွင် ဦးဆောင်ဆွေးနွေးကြပြီး နေ့လယ်ပိုင်းတွင် သင်တန်းသားများက အုပ်စုခွဲလေ့ကျင့် ခန်းပြုလုပ်ကာ အုပ်စုအလိုက် Presentation များတင်ပြ ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် ဆေးပညာသင်ကြားရေးအတွက် အရေးကြီးအစိတ် အပိုင်းတစ်ရပ်ဖြစ်သည့် AO PRINCIPLE OF FRACTURE FIXATION နှင့် စပ်လျဉ်းပြီး အသိအမြင်ဗဟုသုတ နှင့်ကျွမ်းကျင်မှုများကို မိမိတို့သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထိရောက်စွာအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။
ထို့ပြင် တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ “IMPLEMENTING APPROPRIATE STANDARD SETTING IN DSMA” ခေါင်းစဉ်ဖြင့် မေ ၆ ရက်တွင် ဆက်လက်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူး ကုဆေးရုံကြီး(ခုတင်-၅၀၀)တို့၌ မေ ၉ ရက်မှ ၁၁ ရက်ထိ Hybird စနစ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး နေပြည်တော်နှင့်ရန်ကုန်ရှိ တပ်မတော်ဆေးရုံ/ဆေးတပ်များမှ လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ အခြားတပ်မတော် ဆေးရုံ/ဆေးတပ်များမှ Online စနစ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။