ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပုဏ္ဏားကျွန်းစက်မှုဇုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်

ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပုဏ္ဏားကျွန်းစက်မှုဇုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၅

ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပုဏ္ဏားကျွန်းစက်မှုဇုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများအသီးသီးပြော ကြားကြသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တိုင်းမှူး တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။