နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုကိုးကျွန်းမြို့ရှိ  အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုကိုးကျွန်းမြို့ရှိ  အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား                                                       

နေပြည်တော်၊ မေ - ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းမြို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား တွေ့ဆုံ၍  အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် ကိုကိုးကျွန်းမြို့၏ ဖြစ်ပေါ်တိုးတက်မှုကို အားလုံးတွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ သင့်တင့်သောလူစည်ကားမှုနှင့်အတူ ပထဝီနိုင်ငံရေးအရ အရေးပါသောမြေနေရာအား တည်ငြိမ်မှုကို မလိုလားသော အကြမ်းဖက်အဖွဲ့အစည်းများထိုးဖောက် ဝင်ရောက် လာမှုမရှိအောင်လုံခြုံရေးသတိရှိနေရန်လိုကြောင်း၊ ရေခြားမြေခြားတွင် တာဝန် ထမ်းဆောင်နေကြသူများဖြစ်၍ တပ်တွင်း၌သာမက တပ်ပြင်နှင့်ပါ တစ်သားတည်း စည်းလုံးမှုရှိအောင် နေထိုင်ခြင်းဖြင့် အကြမ်ဖက်အန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်မည် မည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုအတွက် အကောင်းဆုံးအထောက် အကူပြုမှုမှာ အားကစားပြိုင်ပွဲများဖြစ်၍ အစုအဖွဲ့ဖြင့် လူအများအပြားပါဝင်ကစား နိုင်သော အားကစားပွဲများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဆောက်အဦ ထိန်းသိမ်းမှု နှင့်ပါတ်သက်၍  စစ်သည်မိသာစုများအတွက် လိုအပ်သော အခြေခံအဆောက် အဦးများ နိုင်ငံတော် ဘတ်ဂျက်မှ ဆောင်ရွက်ပေးထားပြီးဖြစ်၍ ရေရှည်တည်တံ့ ခိုင်မြံရေး စနစ်တကျ ထိန်းသိမ်း သုံးစွဲကြရန်လိုကြောင်း၊  လေ့ကျင့်ရေးနှင့်ပါတ်သက်၍ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝ ထမ်ဆောင်နိုင်ရန်အတွက် အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ ၂၄  နာရီ တာဝန်ရှိသူ များဖြစ်၍ နေ့ည အချိန်အခါ နေရာဒေသမရွေး လိုအပ်ချိန်တွင် တာဝန်ထမ်းဆောင် နိုင်ရမည်ဖြစ်၍ ပေါ့ပေါ့ဆဆ မနေရန်နှင့် သတ်မှတိပေးထားသော  လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်များကို အချိန်ကာလအလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိခင်ဌာနချုပ်များနှင့် အလှန်ဝေးကွာသည့်နေရာတွင် တာဝန်ထမ်းဆောင်နေရသူများ ဖြစ်၍ ဆောင်ရွက်ရမည့်  သမားစဉ် လုပ်ငန်းများကို တာဝန်ရှိသူများ စနစ်တကျ စီမံခန့်ခွဲ၍ မပျက်မကွက် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်မှာကြားပြီး တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍  ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်) သို့သွားရောက်၍ ဆေးရုံ ရေယာဉ်ပေါ်တွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ အားကြည့်ရှု အားပေး စကားပြောကြားကာ မျက်စိခွဲစိတ်လူနာများအား ဆေးမျက်မှန်များ တပ်ဆင်ပေးပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။

အဆိုပါ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် မေ ၄ ရက်နေ့မှစ၍ ကိုကိုးကျွန်းမြို့ပေါ်ရှိ ဒေသခံပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက် စစ်ဆေး ကုသမှုများဆောင်ရွက်ပေးခဲ့ရာ ယနေ့ထိ ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၀ ဦး၊ ခွဲစိတ်ရောဂါ ၅၀ ဦး၊ ကလေးရောဂါ ၇၂ ဦး၊ သားဖွားမီးရပ်ရောဂါ ၆၃ ဦး၊ အရိုးရောဂါ ၁၀၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ၊ ၁၄၃ ဦး၊ သွားရောဂါ ၆၂ ဦး ဒေသခံပြည်သူစုစုပေါင်း ၆၈၀ ဦးတို့ကိုကုသပေးနိုင်ခဲ့ကြောင်း  သိရှိရသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် နံနက်ပိုင်းတွင် နယ်မြေခံတပ်ရှိ အုန်းနှင့်အုန်းထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိကြြပီး အုန်းဆီသန့်စက်ရုံ၊ အလှဆင်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း နှင့် အုန်းဆံကြိုးစက်ရုံတို့အတွင်းလှည့်လည်ကြည့်ရှုပြီး တာဝန်ရှိ သူများ၏ တင်ပြ ချက်များအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အုန်းထွက် ပစ္စည်းများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှု လက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်၍ ယခုထက်ပိုမိုထုတ်လုပ်ပြီး စီးပွားဖြစ် ထုတ် လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊ ထုတ်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့် ထုတ် လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ များအား မှာကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် နယ်မြေခံ တပ်ရှိ  ဒေသနွားများမွေးမြူရေးခြံ၊ ဥစားကြက်၊ အသားတိုး ကြက်၊ DYLဝက်နှင့် နို့စားနွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှု များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။