ချယ်လ်ဆီးအသင်းအနေဖြင့် အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ကြောင့် လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းအရေးကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး နောက်ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက အသင်းကို ရောင်းချရန် ပြင်ဆင်နေရခြင်းဖြစ်သည်။ အေဗရာ မိုဗစ်ချ်က အသင်းကို အရောင်းအဝယ်ပြုလုပ်ရန် Raine Group အား တာဝန်ပေးထားပြီး ပြီးခဲ့သည့် မတ်လကတည်းက အသင်းကိုရောင်းချရန် ကြေညာခဲ့ပြီးနောက် တရားဝင်ကမ်းလှမ်းမှုများစွာရရှိခဲ့ပြီး လက်ရှိတွင် အမေရိကန်သန်းကြွယ်သူဌေး ဘိုလီနှင့် စတာလင်ပေါင် ၃ ဒသမ ၅ ဘီလီယံဖြင့် အရောင်း အဝယ်ဖြစ်မြောက်ရန် နီးစပ်လျက်ရှိသည်။
အစောပိုင်းက အေဗရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းကို အရောင်းအဝယ်ပြုလုပ်ရာတွင် ချယ်လ်ဆီး အသင်းထံ ၎င်းင်းချေးထားသည့် စတာလင်ပေါင် ၁ ဒသမ ၆ ဘီလီယံကို ပြန်လည်ရယူမည်မဟုတ်ဘဲ လက်လွှတ်မည်ဖြစ်ကြောင်း ပြောကြားထားသော် လည်း ယခုအခါ အဆိုပါချေးငွေ ၁ ဒသမ ၆ ဘီလီယံကို ပြန်လည်ရယူလိုသည်ဟု ပြောကြားခဲ့ သည့်အတွက် ဘိုလီအနေဖြင့်လည်း အသင်းတန် ကြေး စတာလင်ပေါင် ၃ ဒသမ ၅ ဘီလီယံအပြင် ချေးငွေ ၁ ဒသမ ၆ သန်းကို ထပ်မံပေးချေရမည် ဖြစ်သည့်အတွက် အရောင်းအဝယ်ပျက်ပြယ်ရန် နီးစပ် နေသည်။
လက်ရှိတွင် ဗြိတိန်အစိုးရက ချယ်လ်ဆီးအသင်းကို အရောင်းအဝယ်ပြုလုပ်ရန် မေ ၃၁ ရက်အထိ နောက်ဆုံးအချိန် ပေးထားပြီး ၂၀၂၂-၂၀၂၃ ဘော လုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၈ ရက်တွင် ကျင်းပမည် ဖြစ်သည့်အတွက် အဆိုပါရက်မတိုင်မီ ချယ်လ်ဆီး အသင်းအနေဖြင့် ဗြိတိန်အစိုးရထံမှ လိုင်စင်မရရှိပါက ပြိုင်ပွဲမှထုတ်ပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်ရ ဖွယ်ရှိကြောင်း သိရသည်။
Ref;Football London