ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီအခြေခံဂျူဒို အားကစားသင်တန်း ဆင်းပွဲသို့  တက်ရောက်၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီအခြေခံဂျူဒို အားကစားသင်တန်း ဆင်းပွဲသို့  တက်ရောက်၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန်  မေ  ၇

မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂  ခုနှစ် နွေရာသီအခြေခံဂျူဒို အားကစားသင်တန်းဆင်းပွဲအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်း အမျိုးသား ရေကူးကန်ဝင်းရှိ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ရုံး၌  ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊    ရန်ကုန်တိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌ  ဦးမင်းဇော်ထွန်း၊ ဖိတ်ကြားထားသူများနှင့် နည်းပြများ၊   သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မိမိဝါသနာပါသော အားကစားနည်းကို လေ့လာလိုက်စားရာမှ    နိုင်ငံကိုယ်စားပြု အဆင့်သို့ ရောက်ရှိပြီဆိုလျှင် မြန်မာနိုင်ငံတွင်ရှိသော လူဦးရေသန်းပေါင်း ၅၀ ကို ကိုယ်စားပြုသည့် အတွက် အင်မတန် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကိစ္စရပ်ဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက သင်တန်းသား/သင်တန်းသူများ ကျွမ်းကျင်မှု အဆင့်အလိုက် ခါးစည်းအဆင့်ကတ်များ ပေးအပ်သည်။

ယင်းနောက်   ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆရာများကို ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊   သင်တန်းသား/သင်တန်းသူများကို  ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း ပေးအပ်သည်။

ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးမင်းဇော်ထွန်းက နွေရာသီသင်တန်း ဝတ်စုံများ ပေးအပ်ပြီးနောက် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက ထူးချွန်ဆုရ သင်တန်းသား မောင်ခိုင်ခန့်နှင့် မသီရိနိုင်တို့အား   ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး နွေရာသီသင်တန်းသား/သင်တန်းသူများ စုပေါင်း၍ အခြေခံနည်းစနစ်များ သရုပ်ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသား ရေကူးကန်ရှိ  မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်သို့ ရောက်ရှိရာ  ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အတူ  မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ် အားကစားခန်းမအတွင်း အားကစား သမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်    တာဝန်ရှိပုဂ္ဂိုလ်များသည် ကြက်တောင်ရုံအတွင်း အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်းရှိ   မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ်သို့ ရောက်ရှိပြီး အားကစားကွင်း၊ ပွဲကြည့်စင်၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးခန်းတို့အား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ   ရန်ကုန်မြင်းစီး အသင်းသို့ရောက်ရှိပြီး   မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်းသို့ ရောက်ရှိပြီး   စားရိပ်သာ၊ မီးဖိုချောင်၊  တန်းစီကွင်းနှင့်  အမျိုးသား။အမျိုးသမီးလေးထပ် အိပ်ဆောင်သစ်ဆောက်လုပ်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။