ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ -

COVID-19  ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းမှစတင်၍ တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများသို့ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ    ယနေ့တွင် မြို့နယ်စုစုပေါင်း  ၂၄  မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ နွယ်ဝင် သီလရှင်ကျောင်း  ၂၆  ကျောင်းသို့  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက်  တိုင်းမှူး များနှင့် တာဝန်ရှိ သူများက သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့်လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။   ထိုသို့  တပ်မတော်က  လှူဒါန်းခဲ့မှုများအပေါ် နေပြည်တော် ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် စာချ နာယကဆရာတော် ဘဒ္ဒန္တကိတ္တိသာရနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ သိုက်ကြီးကုန်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ ကောဝိဒ တို့မှ ယခုလို မုဒိတာစကားများ ပြန်လည်မိန့်ကြားခဲ့ပါတယ်-

''COVID-19 ကပ်ရောဂါကြုံကြိုက်နေတဲ့အချိန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သာသနာ့တာဝန်များကို ထမ်းဆောင် တော်မူကြတဲ့ ဆရာတော် သံဃာတော်များနဲ့ သီလရှင် ဆရာကြီး၊ ဆရာလေးများ အားလုံး မြတ်စွာ ဘုရားရဲ့ သာသနာ့ တာဝန်တွေထမ်းဆောင်နိုင်ဖို့ မြန်မာနိုင်ငံနေရာ ဒေသ အသီးသီးမှ ရှိတဲ့ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊  သာသနာပြု တာဝန်များ ဆောင်ရွက်နေကြတဲ့ နေရာဒေသ အသီးသီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ အားလုံးက ဆွမ်း ကိစ္စမ ပင်ပန်းရ လေအောင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်းပြီး  ဆွမ်းဆန်တော်၊ ဆေးများ၊ ဆွမ်းကွမ်းအတွက် လိုအပ်ချက် မှန်သမျှကို  ဖြည့်ဆည်း လှူဒါန်းနေတာကို တွေ့ရတဲ့ အခါမှာ အလွန်အင်မတန် ဝမ်း မြောက်ဝမ်းသာဖြစ်မိပါတယ်။ ဆွမ်းဆန်တော်များကို လှူဒါန်းတဲ့ ကုသိုလ် တော်တွေ၊ ကျန်းမာရေး ဝန်ဆောင် မှုပေးတဲ့ ကုသိုလ်တော် တွေကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအားလုံး ဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ် ဆိုးများကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ သာသနာ့ တာဝန်များ၊ နိုင်ငံ့ တာဝန်များကို စွမ်းစွမ်းတမံဆ တက်ထမ်းပိုး ဆောင်ရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်''ဟု ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် စာချ နာယက ဆရာတော်   ဘဒ္ဒန္တကိတ္တိသာရက မိန့်ကြားသည်။

''အခုလိုရဟန်းရှင်လူ ပြည်သူတွေရော COVID-19 ရောဂါ ကာလ စားဝတ်နေရေး ကျပ်တည်းနေတဲ့အချိန်မှာ တပ်မတော် မိသားစု ဝင်များက တတ်နိုင်သလောက် ဆွမ်းဆန်တော်၊ ဆီ စသဖြင့်လှူဒါန်းတာဟာ ရဟန်းသံဃာ တော် အတွက်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်း လေးပါးရှိသည့်အနက် ဆွမ်းအတွက် အထောက် အပံ့ဖြစ်ပါတယ်။ တခြား ဆေးရုံ၊ တခြားနေရာများကို လှူဒါန်းခြင်းဟာ လူတွေက အစားအသောက်နဲ့ နေ့စဉ် ရပ်တည် နေရတာဖြစ်တဲ့ အတွက်ကြောင့် ကြီးစွာ အထောက်အပံ့ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်က အခုလို မိမိတို့ နေရာဒေသ အသီးသီးနဲ့  တစ်နိုင်ငံလုံးတွင်  ထောက်ပံ့ လှူဒါန်းခြင်းသည်  သာသနာအတွက်လည်း အကျိုး ကျေးဇူးရသလို   လူပုဂ္ဂိုလ် အတွက်လည်း ကျေးဇူးများကြောင်း ပြောချင်ပါတယ်''

ဟု ပုသိမ်မြို့ သိုက်ကြီးကုန်းကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တကောဝိဒက   မိန့်ကြားသည်။

ထို့ပြင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင်  ရှမ်းပြည် နယ်၊ မိုးမိတ်မြို့၊  ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ  မြို့နယ်ပေါင်း ၁၂ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်းသုံးမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နှင့် မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် မြဝတီမြို့နယ်၊ ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း လေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း လေးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးပေးခြင်းများ  အပါအဝင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေး ပစ္စည်း များ ဖြန့်ဝေ ပေးခြင်းကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။      

ထို့အပြင် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမိတ်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် မြဝတီမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။