သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန
၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက်
A.G.T.I ပထမနှစ်ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း
၁။ အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ ရွှေဘို၊ မြင်းခြံ၊ နေပြည်တော်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို၊ လွိုင်ကော်၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ အင်းစိန်၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်)နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (Japan-Myanmar Aung San Vocational Training Institute) စုစုပေါင်း (၂၆) ကျောင်းတို့တွင် ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည်-
(က)နည်းပညာနှင့်သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ)တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများ ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ)တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့်သ င်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည် ဖြစ်သည်။
၃။ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)မြို့ပြအင်ဂျင်နီယာ(အပိုဒ်(၁)ပါ ကျောင်းပေါင်း(၂၄)၊ ပြင်ဦးလွင်နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းမပါဝင်ပါ)
(ခ)အီလက်ထရောနစ်အင်ဂျင်နီယာ(အပိုဒ်(၁)ပါ ကျောင်းပေါင်း(၂၂)၊ ပူတာအို၊ သံတွဲ၊ ကျောက်ဖြူနှင့် ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းမပါဝင်ပါ)
(ဂ)လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ(အပိုဒ်(၁)ပါကျောင်းပေါင်း(၂၅)၊ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း မပါဝင်ပါ)
(ဃ)စက်မှုအင်ဂျင်နီယာ (အပိုဒ်(၁)ပါ ကျောင်းပေါင်း(၂၄)၊ ကျောက်ဖြူ၊ ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းမပါဝင်ပါ)
(င)သုတနည်းပညာ (အစိုးရနည်းပညာ ကောလိပ်(မိုးညှင်း၊ ရွှေဘို၊ မြင်းခြံ၊ နေပြည်တော်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ အင်းစိန်၊ ကန့်ဘလူ၊ မန္တလေး))
(စ)စက်မှုလုပ်ငန်း အင်ဂျင်နီယာ (အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်၊ မန္တလေး၊ ပြင်ဦးလွင်))
(ဆ)စက်မှုလယ်ယာ နည်းပညာ (အစိုးရနည်းပညာကောလိပ် (ရွှေဘို)နှင့် (အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ၊ ကျိုက်လတ်))
(ဇ)မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှုနည်းပညာ (အစိုးရ စက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၊ ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း)
(ဈ)စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း)
၄။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ် ပေးအပ်မည်ဖြစ်သည်။ A.G.T.I (၃)နှစ် သင်တန်းများတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက BE နှင့် B.Tech သင်တန်းများသို့ ပေါင်းကူး တက်ရောက်နိုင်ရေး လျှောက်ထားနိုင်သည်။
၅။ ဝင်ခွင့်လျှောက်လွှာများကို အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံများ၌ (၁၂-၅-၂၀၂၂) ရက်တွင် စတင်ထုတ်ယူနိုင်သည်။ လျှောက်လွှာများကို (၃၁- ၅ -၂၀၂၂) ရက်နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းသို့ ပြန်လည်တင်သွင်းရမည်။
၆။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကိုပူးတွဲတင်ပြရမည်-
(က)လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ)ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း။
(ဂ) သက်ဆိုင်ရာမှ တရားဝင် ထုတ်ပေးထားသော တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း (မူရင်း)။
(ဃ)လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စု စာရင်းဇယား(မိတ္တူ)။
(င)ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။
၇။အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အပိုဒ်(၁)ပါ အစိုးရနည်းပညာ ကောလိပ်များနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန