ဥရောပအဆင့်ပြိုင်ပွဲ အားလုံးတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ပထမဆုံးနည်းပြအဖြစ် ရိုးမားအသင်း နည်းပြမော်ရင်ဟို စံချိန်သစ်တင်
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ယခုဘောလုံးရာသီတွင် ရိုးမားအသင်းနှင့် ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ဥရောပအဆင့်ပြိုင်ပွဲ အားလုံးတွင် ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံးနည်းပြ အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် ရိုးမားအသင်းသည် လက်စတာအသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အတွက် မတူညီသော အသင်းလေးသင်းနှင့် ဥရောပအဆင့်ပြိုင်ပွဲ အားလုံးကို ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် နည်းပြအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
နည်းပြမော်ရင်ဟိုသည် ဥရောပအဆင့် ပြိုင်ပွဲများ ဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပေါ်တိုအသင်း၊ အင်တာမီလန်အသင်းတို့နှင့် လည်းကောင်း၊ ယူရိုပါ လိဂ်ပြိုင်ပွဲကို မန်ယူအသင်းနှင့် လည်းကောင်း ဗိုလ်လု ပွဲသို့တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။ ယခုအခါ ယူရိုပါ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင်လည်း ရိုးမားအသင်းနှင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။
နည်းပြမော်ရင်ဟိုသည် ယခုဘောလုံးရာသီတွင် ရိုးမားအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲ၌ ပွဲစဉ် (၃၅) အပြီးတွင် အဆင့် (၅)နေရာ၌ ရပ်တည်နေပြီး ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အတွက် မေ ၂၆ ရက်တွင် ဖီယင်နုအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။