ဆီးဂိမ်း လက်ဝှေ့ပြိုင်ပွဲများကို ဘက်နင်းပြည်နယ်၌ စတင်ကျင်းပ

ဆီးဂိမ်း လက်ဝှေ့ပြိုင်ပွဲများကို ဘက်နင်းပြည်နယ်၌ စတင်ကျင်းပ

ဆီးဂိမ်းတွင်   ထည့်သွင်း ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော လက်ဝှေ့ပြိုင်ပွဲများကို မေ ၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဘက်နင်းပြည်နယ်၌ စတင်ကျင်းပကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈ နိုင်ငံကျော်မှ လက်ဝှေ့သမား အယောက် ၉၀ နီးပါး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆီးဂိမ်းအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို မေ ၁၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါဖွင့်ပွဲပြီးနောက် လက်ဝှေ့ပွဲစဉ် ၁၂ ပွဲကို ကျင်းပသွားမည်ဖြစ်သည်။

ယခုတစ်ကြိမ်သည် လက်ဝှေ့အားကစားကို   ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပသည့် ဒုတိယအကြိမ်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အနေဖြင့် အမျိုးသမီး ငါးဦး၊ အမျိုးသား ခုနစ်ဦးတို့ဖြင့်ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်   ဖိလစ်ပိုင်ဆီးဂိမ်းတွင် ပထမဆုံး ထည့်သွင်းကျင်းပခြင်း ဖြစ်သည့် လက်ဝှေ့အားကစား၌ ဗီယက်နမ်နိုင်ငံက ဆုတံဆိပ်အများဆုံး ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။