၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံး

ဖူလ်ဟမ်အသင်း ချန်ပီယံဆု ဆွတ်ခူးပြီး ဘုန်းမောက်အသင်း တိုက်ရိုက်တန်းတက်ခွင့်ရရှိ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲပြီးဆုံးခဲ့ပြီး  ချန်ပီယံဆုကို  ဖူလ်ဟမ်အသင်းက ဆွတ်ခူးရရှိကာ ဘုန်းမောက်အသင်းက အဆင့်(၂)နေရာ၌ရပ်တည်ပြီး    တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၄ သင်းပါဝင်ခဲ့ပြီး  နောက်ဆုံးပွဲစဉ်များကို မေ ၇ ရက်ညပိုင်းက အားလုံး ကျင်းပပြီးစီးခဲ့သည်။ ဖူလ်ဟမ် အသင်းသည် ပြိုင်ပွဲမပြီးဆုံးမီ ကတည်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကာ  ပြိုင်ပွဲပြီးဆုံးချိန်တွင်  ၂၇  ပွဲနိုင်၊ ကိုးပွဲသရေနှင့် ၁၀ ပွဲရှုံး ရမှတ်  ၉၀  ဖြင့် ချန်ပီယံဆုဆွတ်ခူးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့ကာ    ဘုန်းမောက်အသင်းသည်လည်း ရမှတ် ၈၈ မှတ်ဖြင့် အဆင့်(၂) နေရာဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့  တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ်ပြိုင်ပွဲ သို့ ဖူလ်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်းတို့တိုက် ရိုက်တန်းတက်နိုင်ခဲ့သကဲ့သို့ ပြိုင်ပွဲအပြီး အဆင့်(၃) နေရာမှ ဟတ်ဒါးဖီးလ်အသင်း၊ အဆင့်(၄) နေရာမှ နော်တင်ဟမ်အသင်း၊ အဆင့်(၅)နေရာမှ ရှက်ဖီးလ် ယူနိုက်တက်အသင်းနှင့် အဆင့်(၆)နေရာမှ လူတန် တောင်းအသင်း တို့အနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်များ ကစားပြီးနောက်  အသင်းတစ်သင်းက  ပရီး မီးယားလိဂ် ပြိုင်ပွဲသို့  တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အဆင့် (၂၂) နေရာမှ ပီတာဘရော့အသင်း၊ အဆင့် (၂၃) နေရာမှ  ဒါဘီအသင်းနှင့် အဆင့်(၂၄)  နေရာမှ ဘန်စလေအသင်းတို့အနေဖြင့်   လိဂ်-၁  ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရပြီး လိဂ်-၁ ပြိုင်ပွဲမှ ဝီဂန်အသင်းနှင့် ရိုသာဟမ်အသင်းတို့က အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ  သို့ တိုက်ရိုက်တန်းတက် နိုင်ခဲ့ကြသည်။

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားဆုနှင့်   ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုတို့ကို ဖူလ်ဟမ်အသင်း တိုက်စစ်မှူး မီထရိုဗစ်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။                         

Ref;Sky Sports