ဝက်စ်ဖို့ဒ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၆)အဖြစ် ကစားသည့် ခရစ္စတယ်ပဲလေ့စ်အသင်း နှင့်ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက် ယခုဘောလုံးရာသီ တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဒုတိယမြောက်တန်းဆင်း ရသည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ဝက်စ်ဖို့ဒ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရခြင်းဖြစ် သည်။
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးတန်းဆင်းရသည့် အသင်းအဖြစ် နောဝှစ်ချ် အသင်းက မှတ်တမ်းဝင်ခဲ့ပြီး ယခုအခါ ဒုတိယမြောက် တန်းဆင်းရသည့် အသင်းအဖြစ် ဝက်စ်ဖို့ဒ်အသင်းက မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
ဝက်စ်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ နောဝှစ်ချ်အသင်းနှင့် အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခဲ့ပြီးနောက် တစ်ရာသီသာကစားခဲ့ရပြီး နောဝှစ်ချ်အသင်းနှင့်အတူ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပြန်လည်တန်းဆင်းခဲ့ ရခြင်းဖြစ်သည်။
ယခုဘောလုံးရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲမတိုင်မီ နောဝှစ်ချ်အသင်းနှင့် ဝက်စ်ဖို့ဒ်အသင်းတို့တန်းဆင်း ခဲ့ရပြီး လက်ကျန်တန်းဆင်း တစ်နေရာအတွက် ဘန်လေအသင်း၊ အဲဗာတန်အသင်းနှင့် လိဒ်အသင်းတို့ထဲမှ အသင်းတစ်သင်းက တန်းဆင်းရမည် ဖြစ်ကြောင်း သိရသည်။
Ref;Dailymail