COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများအား ဆက်လက်လက်ခံပြီး လိုအပ် သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ -

  တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19 ) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19   ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှ စတင်လက်ခံ၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့လက်ခံ ကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၁၉၈ ပါးနှင့် အရပ်သား ၁၅၂ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၂၉၂ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၃၆ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၄၉၄ ဦးတို့ကို အသီးသီး လက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

 ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ ကုသပေးရန် အဆောင်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ တပ်မတော်က ဆောင်ရွက်ပေးနေမှုများကို ယခုလိုကြားသိခဲ့ရပါသည်--

'' လက်ရှိမြန်မာနိုင်ငံမှာ   COVID-19 ဖြစ်ပွားတဲ့ လူနာအရေအတွက်ဟာ များပြားလာတဲ့ အတွက်ကြောင့် တပ်မတော်အနေနဲ့ COVID-19 ကုသရေးစင်တာတွေကို လက်ခံ ဆောင်ရွက်ပေးတဲ့နေရာမှာ    မနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် လက်ဖက်ရည်အပြင်

အင်အားဖြစ်စေမည့်   အစားအစာတွေကို ကျွေးမွေးဆောင်ရွက်လျက်ရှိပါတယ်။

အမြဲတမ်းအားဆေးတွေပေးတယ်။ဆီးချို၊သွေးတိုးအတွက် လိုအပ်တဲ့ ဆေးတွေကိုလည်း အမြဲတမ်းပေးပြီး ကုသတာမျိုးတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ တချို့ဆိုရင် လာရောက်ကုသတဲ့အခါမှာ   ဆီးချိုနဲ့ပတ်သက်ပြီးဆီးချိုတိုင်းစက်တွေ အိမ်မှာကျန်ခဲ့တဲ့ အခါမျိုးမှာ တပ်မတော်မှာ ဆီးချိုစက်တွေ လှူဒါန်းပေး တာမျိုးတွေ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။  အဆောင်တိုင်းမှာ    Controlပုံစံမျိုးပြုလုပ်ထားပြီး CCTV နဲ့စောင့်ကြပ်ကြည့်ရှုတဲ့အခါမှာ ထူးခြားမှုတစ်ခု တွေ့ရှိတာနဲ့ ချက်ချင်းသတ်မှတ်ဝတ်စုံများ ဝတ်ဆင်ပြီး ရောဂါဖြစ်ပွားတဲ့ အနေအထားပေါ် မူတည်ကာ ဆက်လက်ဆောင်ရွက်မှုတွေ လုပ်ဆောင်ပါတယ်။   ထူးခြားမှု ရှိလာတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာကိုဖုန်းနဲ့ သတင်းပို့ပြီး လွှဲပြောင်း ကုသဖို့လိုအပ်တဲ့  လူနာများဆိုရင်တော့ ချက်ချင်းလူနာတင် ကားဖြင့်  သက်ဆိုင်ရာဆေးရုံများကို ရောက်အောင်ပို့ဆောင်ပေးပြီး ဆက်လက်ကုသမှုများ ဆောင်ရွက်ပါတယ်။ CCTV တာဝန်ကိုတော့ တာဝန်အနေဖြင့် မနက် ၇ နာရီနဲ့ ည ၇ နာရီနှစ်ဆိုင်းနှုန်းဖြင့် ခွဲပြီးစောင့်ကြည့်ပေးပါတယ်။ ပိုးတွေ့လူနာများနဲ့ တိုက်ရိုက်ထိတွေ့ ကုသပေးရတဲ့အတွက်ကြောင့် ကုသိုလ်လည်းရပါတယ်။ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။   တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြုစုစောင့်ရှောက်တဲ့ နေရာမှာ အစစအရာရာ လုပ်ဆောင်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်''ဟု ဗိုလ်ကြီးအောင်အောင် (ရောဂါထိန်းချုပ် စောင့်ကြပ်ကြည့်ရှုရေး တာဝန်ခံ)ကပြောသည်။

''ကျွန်မတို့ဆေးရုံမှာဆိုရင် လူနာအယောက် ၇ဝ အတွက် ပြင်ဆင်ထားပေမယ့် လက်ရှိမှာ သီလရှင်ဆရာလေး ၃၆ ပါးနဲ့ အမျိုးသမီး သုံးဦးလက်ခံထားရှိပါတယ်။  တစ်နေ့တာဆောင်ရွက်ချက်အနေနဲ့ကတော့ ဆရာလေးတွေအတွက် မနက်ပိုင်းဆိုရင် အရုဏ်ဆွမ်း

ဆက်ကပ်ပါတယ်။   ဆွမ်းကပ်တဲ့အခါမှာလည်း အာဟာရဖြည့်စွက်စာအနေနဲ့ ကြက်ဥ၊ငှက်ပျောသီးနဲ့ နွားနို့တွေကပ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးမှုအနေနဲ့ သီလရှင်ဆရာလေးတွေကို (မနက်တစ်ကြိမ်၊ ညတစ်ကြိမ်) တစ်နေ့နှစ်ကြိမ် ပုံမှန်သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးခုန်နှုန်းတွေ တိုင်းပေးခြင်းနဲ့သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ဓာတ်တွေတိုင်းခြင်းတွေကို ဆောင်ရွက်ပေးပါတယ်။    တခြားလိုအပ်ချက်တွေရှိရင်လည်း အဆင်သင့်ဖြစ်အောင်လို့ ပြင်ဆင်ထားပါတယ်။   နောက်ပြီး လူနာတွေကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကြည့်ရှုပေးပါတယ်။  ညဘက်ဆိုရင်လည်း သီလရှင်ဆရာလေးတွေကို ချင်းသုတ်နဲ့အချိုရည်တို့ကို ကပ်ပေးပါတယ်။  အမျိုးသမီးသုံးဦး အတွက်လည်း သူတို့ လိုအပ်ချက်လေးတွေရှိလို့ရှိရင် ဆက်သွယ်လို့ရအောင် တယ်လီဖုန်း စီစဉ်ပေးထားပါတယ်။ အခုလိုစီစဉ်ပေးထားတဲ့ အတွက် သူတို့ဖုန်းဆက်တာနဲ့ ချက်ချင်းပဲ ဆောင်ရွက်ပေးပါတယ်။ တခြားစီစဉ်ပေးထားတာတွေကတော့  အခုအချိန်က ရာသီဥတုပူပြင်းတဲ့အတွက်    ဆရာလေးတွေကျိန်းစက်တဲ့အခါမှာ   အဆင်ပြေအောင် အဲကွန်းတွေလည်း   တပ်ဆင်ပေးထားပါတယ်။ အကယ်၍ မီးပြတ်ခဲ့ရင်လည်း အခက်အခဲမဖြစ်အောင် Emergency Lamp တွေနဲ့မီးစက်တွေ စီစဉ်ပေးထားပါတယ်။ အရေးပေါ် ၂၄ နာရီ  စောင့်ရှောက်မှုအနေနဲ့ကတော့ဆရာလေးတွေတစ်ခုခုဖြစ်တယ်ဆိုပြီး  ဖုန်းဆက်တာနဲ့ ချက်ချင်းအရောက်သွားပြီး ကူညီနိုင်အောင် စီစဉ်ထားပါတယ်။   ဆရာလေးတွေရဲ့ဆွမ်းနဲ့ဝေယျာဝစ္စကိစ္စအဝဝကိုလည်းအခက်အခဲမရှိအောင်စီစဉ်ထားပါတယ်။သန့်ရှင်းရေး ကိစ္စဆိုရင်လည်း  အဆင်ပြေအောင်စီစဉ်ထားပါတယ်။  ဆရာလေးတွေကလည်း  အစစအရာရာ ပြည့်စုံကြောင်းနဲ့ တပ်မတော်က  စေ့စေ့စပ်စပ် စီစဉ်ပေးထားတယ်လို့ ပြောကြပါတယ်။ အစားအသောက်ဆိုရင်လည်း ဆန်ကအစ ဆန်အကောင်း စီစဉ်ပေးထားပါတယ်။ ဟင်းဆိုရင်လည်း အသားဟင်းနှစ်မျိုး စီစဉ်ပေးထားတယ်။ နေ့လယ်နေ့ခင်းဆိုရင်လည်း   ဆရာလေးတွေအတွက် အအေးနဲ့သစ်သီးတွေကို  စီစဉ်ပေးထားပါတယ်။ ကျွန်မတို့အနေနဲ့ အခုလိုဆရာလေးတွေကို စောင့်ရှောက်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီ  COVID  ကာလမှာက  သူများတွေ မလုပ်နိုင်တဲ့အလုပ်ကို  လုပ်ခွင့်ရတဲ့အတွက်    ကျွန်မတို့အနေနဲ့ အတိုင်းမသိ ဝမ်းသာမိပါတယ်''ဟု မဇင်မာထွန်း(အကူသူနာပြု)ကပြောသည်။