(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကျင်းပ

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ - ၉

(၂၉)ကြိမ်မြောက်မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀) နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိတပ်မတော် အရိုး ရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)တို့၌ OnlineHybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ကျင်းပ ပြုလုပ်ရာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး က အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ် ပေးသည်။

ထို့နောက် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့အစီအစဉ်များကို ဆက်လက်ကျင်းပရာ Symposium of the Conference အဖြစ် Building Resilience for Healthcare: Sharing Success Story and Challenges from COVID-19 Pandemic ကိုလည်းကောင်း ၊ Symposium များအဖြစ် Consequences of COVID-19 Pandemic: Cognitive, Affective and Mental Health ၊ COVID-19 and Acute Kidney Injury ၊ COVID-19 Infection in Children: Practice Essentials၊ Role of Surgery in Chronic Liver Diseases: Where are We Now?၊ Current and Future Place of Radiology in the COVID-19 Management ၊ Peculiar Presentations of Diabetes Mellitus ၊ Long COVID Syndrome: Impact၊ Recent Update in Orthopaedic Surgery: Military Perspective နှင့် Special Talk ၃ ခုတို့ကို ဆွေးနွေးကြသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် သားဖွားနှင့် မီးယပ်ရောဂါပညာ ၊ နား၊ နှာခေါင်း၊ လည်ချောင်း ကုသမှုပညာ၊ ခွဲစိတ်ပညာ၊ သူနာပြုပညာ၊ အဏုဇီဝ ဗေဒစသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၂၀ စောင်တို့ကို ပါဝင် ဖတ်ကြားတင်သွင်းကြသည်။

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ၁၅၅ ဦးနှင့် တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး(ခုတင်- ၅၀၀)တွင် ၂၃၁ ဦး စုစုပေါင်း ၃၈၆ ဦးတက်ရောက်ခဲ့ပြီး Online မှ တက်ရောက် သူများအနေဖြင့် အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု(အရာရှိ)နှင့် သူနာပြု စုစုပေါင်း ၅၄၇ ဦး တက်ရောက် ကြသည်။

အဆိုပါ(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို မေ ၁၁ ရက်နေ့ထိ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။