မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲစတင်
နေပြည်တော်၊ မေ - ၉
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် မြစ်ကြီးနားတပ်နယ်ရှိ အားကစားကွင်း၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ်ဖြစ်သည့် စခန်းမြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းနှင့် တပ်မတော်ဆေးရုံ(ခုတင်- ၃၀၀)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် မေ ၂၁ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။