မြစ်ကြီးနားမြို့၊ ကမ်းနားလမ်းရှိ ဧရာဝတီဧည့်ရိပ်သာဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ မေ - ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြစ်ကြီး နားမြို့၊ ကမ်းနားလမ်းရှိ ဧရာဝတီဧည့်ရိပ်သာဖွင့်ပွဲကို ယနေ့တွင် အဆိုပါဧည့်ရိပ်သာ အဆောက်အဦရှေ့၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေး ရာဝန်ကြီး၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီးနှင့် ပြည်နယ်သယံဇာတဝန်ကြီးတို့က ဧရာဝတီဧည့်ရိပ်သာမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဧရာဝတီဧည့်ရိပ်သာအသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။