ပုသိမ်မြို့၊ ညောင်ကုန်းကျေးရွာ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်

ပုသိမ်မြို့၊ ညောင်ကုန်းကျေးရွာ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ မေ - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ညောင်ကုန်းကျေးရွာရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄)ဖွင့်ပွဲကို ယနေ့ နက်ပိုင်းတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ သင်တန်းကို သင်တန်းသူ ၄၇ ဦးဖြင့် အောက်တိုဘာ ၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။