ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-

  ကမ္ဘာ့ကပ်ရောဂါ COVID-19  ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သွားလာမှု များရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးနှံများပျက်ဆီး ဆုံးရှုံးနိုင်သည့် အခြေအနေ များဖြစ်ပေါ်ခဲ့သည်။

ထိုသို့ အခက်အခဲဖြစ်ပေါ်နေသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ သီးနှံများ ပျက်စီး ဆုံးရှုံးခဲ့သော တောင်သူများ အတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊   စလင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်နှင့် တာဝန်ရှိသူများက မကြီးကျေးရွာ၊ ရွာဦး ဘုန်းတော်ကြီး ကျောင်း၌ သွားရောက် ပေးအပ်သည်။

ဦးစွာ  တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  သီးနှံများ ပျက်စီး ခဲ့သည့် ကျေးရွာ ငါးရွာတို့မှ အိမ်ထောင်စု ၆၂၂ စု၊ တောင်သူ ၂၄၈၈ ဦးအတွက် ဆန် ၃၈၈ အိတ်၊ ဆီ ၆၉၆ ပိဿာ၊ ဆား ၆ဝ၈ ပိဿာနှင့် ပဲ ၁ဝ၄၄ ပိဿာတို့ကို ထောက်ပံ့ ပေးအပ်ရာ တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက  လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

အဆိုပါကျေးရွာ ငါးရွာတို့မှ  သီးနှံများ ပျက်စီး ဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၄၄၅ဧက ဖြစ်ကြောင်းနှင့် ယခုကဲ့သို့  တပ်မတော်က ထောက်ပံ့ ပေးအပ်ခြင်းအပေါ် ဒေသခံ တောင်သူများနှင့် ကျေးရွာနေ ပြည်သူများမှ အထူးပင် ဝမ်း မြောက်၍  ကျေးဇူးတင်ရှိကြောင်းနှင့်  ရင်တွင်း စကားသံများကို ယခု ကဲ့သို့ပြန်လည် ပြောကြားခဲ့ပါတယ်-

''အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ စီးပွားရေး ကျပ်တည်းနေသလို တစ်ဖက်မှာလည်း မိုးခေါင်ခြင်း ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးပြီး အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လာရောက်ပြီး လှူဒါန်း ထောက်ပံ့ ပေးတဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တကွ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု အားလုံးကို  အထူးပင် ကျေးဇူးတင်ရှိပါတယ်''ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။

အလားတူ  ဒေသခံ တောင်သူ တစ်ဦးကလည်း ''အခုလို  COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ စီးပွားရေး ကျပ်တည်း နေသလို  တစ်ဖက်မှာလည်း မိုးခေါင်ခြင်းများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးပြီး အခက်အခဲ အကျပ် အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လာရောက် ကူညီလှူဒါန်းထောက်ပံ့ ပေးတဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တကွ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်'' ဟု ထပ်မံ ပြောကြားသည်။

တပ်မတော်မှ ယခုကဲ့သို့ လာရောက် ဝယ်ယူပေးသည့်အတွက် ဒေသခံတောင်သူများ ကိုယ်စား တောင်သူတစ်ဦးက တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများကို အထူးပင်ကျေးဇူး တင်ရှိကြောင်း ရင်တွင်းစကားသံများကို ယခုလို ပြောကြားခဲ့ပါတယ်-

''အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ အတွက်  ကျွန်တော်တို့ တောင်သူစိုက်ခင်းများ ဝယ်သူမရှိတဲ့အတွက်   အခုလို တပ်မတော်သားများမှ ခြံအရောက် ကျွန်တော်တို့ဒေသကိုလာရောက်၍ ဝယ်ပေးတဲ့အတွက် တပ်မ တော်အကြီးအကဲများအား အထူးပဲ ကျေးဇူးတင်ပါတယ်'' ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။