အာဆင်နယ်အသင်းလူငယ်တိုက်စစ်မှူး အန်ကီတီးယားသည် လိဒ်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ပွဲအစ ၁၀ မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်သဖြင့် အသင်းသမိုင်းတစ်လျှောက် ပွဲအစ ၁၀ မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့သော ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် အန်ကီတီးယားသည် လိဒ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ကစားသည့်ပွဲစဉ်၌ ပွဲချိန် ငါးမိနစ်နှင့် ၁၀ မိနစ်တို့တွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပြီးနောက် စံချိန်မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်အသင်း သမိုင်းတစ်လျှောက်ပွဲအစ ၁၀ မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ၂၀၀၂ ခုနှစ်က ဆန်းဒါးလန်းအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ကနူးက ၁၀မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီး ယခုအခါ အန်ကီတီးယားက ကနူး၏စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။
အန်ကီတီးယားသည် အာဆင်နယ်အသင်းအကယ် ဒမီမှထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်က အာဆင်နယ်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုပြီးနောက် အစောပိုင်းက ပွဲထွက်ခွင့် မရရှိသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် နည်းပြအာတီတာ၏ ယုံကြည်မှုနှင့်အတူ လာကာဇက်၏ နေရာ၌ ပွဲထွက်ခွင့် ရရှိကာ ခြေစွမ်းပြနေပြီး ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း သိရသည်။
Ref;Opta.com