ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံ၌ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ -

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေးလိုအပ်မှု မရှိစေရေးအတွက် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံ၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် တပ်နယ်များမှ အရာရှိ၊ စစ်သည် စုစုပေါင်း ၆၉ ဦးတို့က သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို ပြည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ သွေးအလှူရှင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။