(၃၁)ကြိမ်မြောက် ဆီးဂိမ်းအတွက် လှေလှော်ပြိုင်ပွဲများကို မေ ၉ ရက်တွင် ဟိုင်ဖောင်မြို့ရှိ လှေလှော်လေ့ကျင့်ရေးစခန်း၌ စတင်ကျင်းပကြောင်း သိရသည်။
လှေလှော်ပြိုင်ပွဲပထမနေ့တွင် ပြိုင်ပွဲဝင် အသင်းများက အမျိုးသမီးလေးယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားလိုက် ဝိတ်တန်းနှစ်ယောက်တွဲ၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးလိုက်ဝိတ်တန်း နှစ်ယောက်တွဲ ပွဲစဉ်များတွင် ပါဝင်ကြသည်။
မြန်မာလှေလှော်အဖွဲ့သည် ကနူးကစား သမား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးငါးဦး၊ ကယက်ကစားသမား အမျိုးသားငါးဦး၊ အပြည်ပြည်ဆိုင်ရာလှေကစားသမား အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦးရွေး ချယ်ထားသည်။ မြန်မာလှေလှော်အဖွဲ့တွင် အုပ်ချုပ်/နည်းပြ ခုနစ်ဦးပါဝင်ပြီး အင်အားစုစုပေါင်း ၃၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဆုတံဆိပ်များ ရရှိရေးအတွက် ပွဲစဉ်များကို အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်လွင်