မိုးမိတ်မြို့နယ်အတွင်း တာဘောင်များ ကျိုးပေါက်ပြီး ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ -

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း မှုများကြောင့် မိုးကောင်းဦးကျေးရွာနှင့် ပဒါန်းကျေးရွာ အနီးတို့တွင် တာဘောင်များ ကျိုးပေါက်ပြီး လယ်ယာမြေများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ တာဘောင်ကျိုးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုပေါင်း၍ တာဘောင်ဆယ်ယူခြင်း၊ မြေဖို့ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။