ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မေ ၁၀
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ အောင်ဇေရန်အောင် ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရုံ ကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ သာသနာ့နယူပဒေသကျောင်း(မစိုးရိမ်ကျောင်းတိုက်)သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရန်အောင်မင်္ဂလာ ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ မြို့လယ်ကျောင်းတိုက်သို့လည်း ကောင်း၊ ဧရာဝတီတိုင် ဒေသကြီး၊ ဒေးဒရဲမြို့နယ်ရှိ စန်းမေတ္တာ သာမဏေကျော် စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီး ဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။