စင်ကာပူအတွက် ပထမဆုံးဆုတံဆိပ်ကို ဒိုင်ဗင်အားကစားက ရယူပေး

(၃၁)ကြိမ်မြောက် ဆီးဂိမ်းတွင် စင်ကာပူ နိုင်ငံအတွက် ပထမဆုံးဆုတံဆိပ်ကို ဒိုင်ဗင်အားကစားက ရယူပေးလိုက်နိုင်ကြောင်း သိရသည်။

အသက် ၁၇ နှစ်သာရှိသေးသည့် ဒိုင်ဗင် အားကစားသမား အက်ဗီယာသမ်းက အမျိုးသား ၁ မီတာစပရင်ဘုတ်ပေါ်မှ ဒိုင်ဗင် ထိုးပြိုင်ပွဲတွင် ရမှတ် ၂၈၆ ဒသမ ၄၀ဖြင့် ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအတွက်  ရွှေတံဆိပ်ကို မလေးရှားအားကစားသမား    အူးအီဇီ လျန်းက ရမှတ် ၃၇၇ ဒသမ ၇ မှတ်ဖြင့် လည်းကောင်း၊ ကြေးတံဆိပ်ကို နောက်ထပ် မလေးရှားအားကစားသမားတစ်ဦးဖြစ် သည့် ဘီထရန်းရိုဒစ်လီ ဆက်က ရမှတ် ၂၈၄ ဒသမ ၉ မှတ်ဖြင့်လည်းကောင်း အသီးသီးရရှိသွားသည်။

ဗီယက်နမ်နိုင်ငံ၌ကျင်းပနေသော (၃၁) ကြိမ်မြောက်ဆီးဂိမ်းတွင် မလေးရှားနိုင်ငံက ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေး တံဆိပ်တစ်ခုတို့ဖြင့် ဆုတံဆိပ်ရရှိမှုဇယား တွင် ထိပ်ဆုံး၌ရပ်တည်နေကြောင်း သိရ သည်။

မောင်ငြိမ်းချမ်း