(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော်၊ မေ - ၁၁

(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀)တို့၌ Online Hybrid စနစ်ဖြင့် တစ်ပြိုင်နက်တည်း ဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစား အရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင် ၁၃၈ ဦးနှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) တွင် ၃၇၉ ဦး စုစုပေါင်း ၅၁၇ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများ အနေဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိကြီးများ၊ အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု(အရာရှိ)နှင့် သူနာပြု စုစုပေါင်း ၇၂၈ ဦး တက်ရောက်ကြသည်။

ယနေ့တွင် “Clinicopathological Conference” ၊ Special Talk” ၇ ခု၊ “Debate Session” နှင့် Symposium များအဖြစ် “ COVID-19 Pandemic Driven New Chapter for Medicolegal Practices in Military Hospitals ” ၊ “ Acute Stroke: What’s New in Management? ” ၊ “ Digital Learning in Health Professions Education ” ၊ “New Normal Dental Care in COVID-19 Pandemic” ၊ “New Era in Heart Failure” ၊ “The Old Herb with New Trick in COVID-19: Andrographis paniculata (Hsay-Khar-Gyi)” ၊ “The Emerging Spectrum of COVID-19 Neurology” ၊ “ Fostering Professionalism: Assessing Unprofessional Behaviours of Students in Medical School” နှင့် “Care of Adult Cancer Patient at the End of Life” တို့ကို ဆွေးနွေးကြသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ခွဲစိတ်ပညာ၊ ကလေးကျန်းမာပညာ၊ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေး၊ မှုခင်းဆေးပညာ၊ ရောဂါဗေဒ  စသည့်ဘာသာရပ် ဆိုင်ရာ သုတေသနစာတမ်း စုစုပေါင်း ၁၁ စောင်တို့ကို ပါဝင်ဖတ်ကြားတင်သွင်းကြသည်။

ထို့နောက် ဆုရွေးချယ်ရေးအဖွဲ့က အကောင်းဆုံး သုတေသနစာတမ်းနှင့် ပိုစတာဆု များအတွက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများနှင့် Young Researcher Award ရရှိခဲ့ သည့် သုတေသနစာတမ်း၊ ပိုစတာဆုရှင်များအား ကြေညာပြီး တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက အမှာစကားပြောကြားကာ (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။