တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များအား တွေ့ဆုံ

တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ မေ - ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များနှင့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက တာချီလိတ်မြို့ရှိ  နယ်မြေခံတပ်နယ်ခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။