ဣစ္ဆာသယဆုတောင်းပြည့် စကျင်နဂါးရုံဘုရားကြီးနှင့် သိဒ္ဓိရှင်ဆုတောင်းပြည့် ကျွန်းနက်နဂါးရုံဘုရားတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် ရေစက် သွန်းချ မင်္ဂလာပြုလုပ်

ဣစ္ဆာသယဆုတောင်းပြည့် စကျင်နဂါးရုံဘုရားကြီးနှင့် သိဒ္ဓိရှင်ဆုတောင်းပြည့် ကျွန်းနက်နဂါးရုံဘုရားတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် ရေစက် သွန်းချ မင်္ဂလာပြုလုပ်

နေပြည်တော်၊ မေ - ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဣစ္ဆာသယသိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်တွင် သီတင်းသုံးပူဇော်ထားသော မွန်ပြည်နယ်တွင် အကြီးဆုံးဖြစ် သည့် စကျင်ကျောက်ဆစ်ဆင်းတုတော် ဣစ္ဆာသယဆုတောင်းပြည့် စကျင်နဂါးရုံ ဘုရားကြီးနှင့်သိဒ္ဓိရှင်ဆုတောင်းပြည့် ကျွန်းနက်နဂါးရုံဘုရားတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲနှင့် ရေစက်သွန်းချ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆို ပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ဦးစီးပဓာန ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ပါဠိပါရဂူဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မော်လမြိုင်မြို့၊ မြဆည်းဆာ ဆရာတော် ဦးဆောင်၍ သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းတော်မူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစေတီစာသင်တိုက် ဦးစီးပဓာန ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ဆက်လက်၍ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ကဗ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြောင်း သတင်းရရှိသည်။