တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းတို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းတို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းတို့၌ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးတို့အတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ကျောင်းဝန်းများ အတွင်း/အပြင်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော် ပေးခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။