အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေး
နေပြည်တော်၊ မေ - ၁၁
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာ နချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ် ၁၈၀ ဦးတို့ကို နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆေးမှူးများက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။