ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၉၇၈  ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၃

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုး တွေ့လူနာ ၉၇၈ဦးနှင့် သေဆုံးသူ ၁၈ ဦး ထပ်တိုးကြောင်း သိရသည်။

(၂-၉-၂ဝ၂ဝ)ရက်အတွက် ဓာတ်ခွဲ အတည်ပြုလူနာ ၁၁၄၂ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို  ယနေ့ ညနေ  ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၃-၁ဝ-၂ဝ၂ဝ)ရက် ည ၈နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၁၉၅ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၇၈ ဦးတွေ့ရှိ ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။