လားရှိုး၊ ကျန်းမာရေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မယ်ဟန် ကျန်းမာရေး စစ်ဆေးရေး စခန်း၌ မန္တလေး- လားရှိုး-မူဆယ်သို့ ပြေးဆွဲလျက်ရှိသည့် ကုန်တင်ယာဉ်များအား ကုန်စည်စီးဆင်းမှု မပြတ်စေရေး အတွက် ယာဉ်မောင်း များနှင့် ယာဉ်နောက် လိုက်များအား Rapid Test Kitနှင့် စစ်ဆေးပြီးမှ ရောဂါပိုးမရှိမှ ထွက်ခွာခွင့်ပြု သွား မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားတယ်။ ရှမ်းပြည်နယ်ကို အခြားတိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေက ကုန်တင်ယာဉ်များ ဖြတ်သန်းလာပါက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တွေ ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီး ဌာနက နှစ်ပတ်အတွင်း ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါကင်းရှင်း ကြောင်း Negative ထောက်ခံချက် ပါရှိမှသာဖြတ် သန်းသွားလာခွင့်ပေးသွားမှာပါ။ အဲဒီအတွက် ဘန့်ဘွေး တိုးဂိတ်မှာ လားရှိုး- မူဆယ်ကို တက်မယ့် ကုန်တင်ယာဉ်တွေ တစ်နေ့အစီး ၃ဝဝ ကို Rapid Test Kit နဲ့စစ်ဆေး သွားမှာပါ။ စစ်ဆေးပြီး ရောဂါပိုး မရှိဘူးဆိုမှ ထောက်ခံစာ ထုတ်ပေးပြီး ဖြတ်သန်း ခွင့်ပြုသွားမှာပါ။ အိမ်စီး ကား နံပါတ် အနက်တွေကတော့ ရပ်ကွက် ထောက်ခံစာပါရင် ပေးသွားပါတယ်။
ကုန်တင်ကားတွေကတော့ ဘန့်ဘွေး စစ်ဆေးရေးစခန်းမှာ တစ်ည အိပ်ရပ်နား ရမှာဖြစ်ပါတယ်''ဟု စစ်ဆေး ရေး ဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့ပြင် ဘန့်ဘွေး စစ်ဆေးရေး စခန်းတွင် COVID-19 ကျန်းမာရေး စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေရပြီး ကုန်တင် ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီနေရခြင်း ကြောင့် တချို့ကားများမှ လှည့်ပြန်သွားကြောင်း မော်တော်ယာဉ် မောင်းများထံမှ သိရသည်။