တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြား

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြား

နေပြည်တော် မေ ၁၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှစတင်၍ ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်းပြန်လည်တက်ရောက် လျက်ရှိကြသည်။

ယခုကဲ့သို့ တက္ကသိုလ်နှင့် ကောလိပ်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ယာဉ် အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ပြန်လည်ဖွင့်လှစ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ် ၂ ခုနှင့် စိုက်ပျိုးရေးသိပ္ပံ‌ကျောင်း ၁၃ ခု၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၇ ခု၊ ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဉီးစီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ခု၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာ ကောလိပ် ၄ ခု နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၂ ခုတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။