မြန်မာအသင်း အုပ်စုတတိယပွဲတွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်

မြန်မာအသင်း အုပ်စုတတိယပွဲတွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်

နေပြည်တော်  မေ  ၁၃

(၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုတတိယ ပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ် ယူ-၂၃ အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့သည် ယနေ့တွင် Viet  Tri Stadium ၌ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ သည်။

ယခုပွဲတွင် မြန်မာအသင်းသည် ယခင် ပွဲများတွင် အသုံးပြုခဲ့သော ကစားသမား အများစုကို ပြန်လည် အသုံးပြုခဲ့သော်လည်း ကစားကွက် အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ ပြီး နောက်တန်း ငါးယောက်ပုံစံနှင့် ဗီယက်နမ် အသင်း၏ တိုက်စစ်ကို ထိန်းချုပ်ရန်ကြိုးစားခဲ့သည်။

ယခုပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးကြီးပွဲစဉ် ဖြစ်သောကြောင့် နှစ်ဖက်အသင်းသားများ အားလုံး အာရုံစူးစိုက်မှုအပြည့်နှင့် အကြိတ် အနယ်  ဗီယက်နမ်အသင်း၏ တိုက်စစ် ထင်တိုင်း မပေါက်ခဲ့ဘဲ အနိုင်ဂိုးရရှိရန် ပွဲချိန်ပြည့် ရုန်းကန်ခဲ့ရသည်။

ယခုပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးကြီးပွဲစဉ် ဖြစ်သောကြောင့် နှစ်ဖက်အသင်းသားများ အားလုံး အာရုံစူးစိုက်မှုအပြည့်နှင့် အကြိတ် အနယ်ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ပထမပိုင်းတွင် မြန်မာအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု အချို့ပြုလုပ်နိုင်ခဲ့သော်လည်း ဗီယက်နမ်နောက်တန်းကစား သမားများ၏ လူကပ်ကစားပုံ ကောင်းမွန်မှုကြောင့် ဂိုးရရှိမည့် အခွင့်အရေးများ လက် လွတ်ခဲ့ရသည်။

ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက လူစားလဲလှယ်မှု အချို့ပြုလုပ်ခဲ့ပြီး အသင်း၏ ကစားပုံကိုမြှင့်တင်ရန် ကြိုးစားခဲ့ကာ အတွေ့ အကြုံရင့် သက်ကျော်ကစားသမားများ ဖြစ်သည့် မောင်မောင်လွင်၊ ဝင်းမိုးကျော်၊ အောင်ကောင်းမာန်တို့ကို ထည့်သွင်း ကစားခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်း၏ တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာပြီး မြန်မာအသင်းဂိုးဘက်သို့ အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် အိမ်ရှင်ဗီယက်နမ် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို  ဒိုဟွန်ဒေါင်ကသွင်းယူပေးခဲ့သည်။

“ပြိုင်ပွဲမှာ  အတောင့်တင်းဆုံးဖြစ်တဲ့ အိမ်ရှင်ဗီယက်နမ်နဲ့ တွေ့ဆုံတဲ့ပွဲမှာ ပွဲချိန် ပြည့် အကောင်းဆုံးယှဉ်ပြိုင် ကစားနိုင်ခဲ့တဲ့ အတွက် ကစားသမားတွေ အားလုံးကို ချီးကျူး ချင်ပါတယ်။ တစ်ပွဲလုံးမှာ အမှားနှစ်ကြိမ်ပဲ လုပ်ခဲ့ပြီး တစ်ဂိုးပေးလိုက်ရတယ်။ ဗီယက်နမ် အသင်းကို နည်းစနစ်ပိုင်းရော ကြံ့ခိုင်မှု ပိုင်းပါ အကောင်းဆုံး ယှဉ်ပြီး ကစားနိုင်ခဲ့ပါ တယ်။ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှား အသင်းနဲ့ပွဲစဉ်မှာ  အကောင်းဆုံး ထပ်ကြိုးစားသွားဖို့ပဲ ရှိပါတယ်။

ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်အောင် အကောင်းဆုံး ပြင်ဆင်ပြီး ရလဒ်ကောင်းရရှိအောင် ကြိုးစားသွားမှာပါ”ဟု ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ယူ-၂၃ အသင်း၏ နည်းပြချုပ် ပိုပေါ့ဗ်က ပြောကြားသည်။

  မြန်မာယူ-၂၃ အသင်းသည် အုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်ခြောက်မှတ် ရရှိသဖြင့် အုပ်စုတတိယ နေရာတွင် ရပ်တည်လျက်ရှိသည်။ မြန်မာအသင်း ပါဝင်သော အုပ်စု(က)တွင် အိမ်ရှင်ဗီယက်နမ် အသင်းက ရမှတ်ခုနစ်မှတ်၊ အင်ဒို နီးရှားအသင်းက ရမှတ်ခြောက်မှတ်ရရှိ ထား သည်။ ရမှတ် ၆ မှတ်စီရရှိထားသော မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့သည် လာမည့် မေ ၁၅ ရက်တွင် ဆီမီးဖိုင်နယ် တက်ရောက်ရေးအတွက် အဆုံးအဖြတ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။