ကမ္ဘာ့အားကစားလောကတွင် ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီထိပ်ဆုံး၌ ရပ်တည်
ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်းဖြစ်သည့် Forbes မဂ္ဂဇင်းက စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အားကစားလောကတွင် ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီက စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
Forbes မဂ္ဂဇင်းက အားကစားလောကမှ ကစား သမားများကို စစ်တမ်းကောက်ယူပြီး ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀ ဦးစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မက်ဆီက စီရော်နယ်ဒိုအပြင် ဘတ်စကက်ဘော အကျော်အမော် တစ်ဦးဖြစ်သည့် လီဘရွန်ဂျိမ်းစ်ကိုပါ ကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ၤသမဘနျ ကထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ်ဝင်ငွေ အကောင်းဆုံး အားကစားသမား ၁၀ ဦးစာရင်းတွင် ဘတ်စကက်ဘော အားကစားနည်းမှ လေးဦး၊ ဘောလုံးအားကစားနည်းမှ သုံးဦး၊ တင်းနစ်အားကစားနည်း၊ လက်ဝှေ့အားကစားနည်းနှင့် ဘေ့စ်ဘောအားကစားနည်းမှ တစ်ဦးစီ ပါဝင်ခဲ့ကြကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဝင်ငွေအကောင်းဆုံး ကစားသမား စာရင်းတွင် မက်ဆီက တစ်နှစ်ဝင်ငွေ စတာလင်ပေါင် ၁၀၇ သန်း၊ လီဘရွန်ဂျိမ်းစ်က ၉၉ သန်း၊ စီရော်နယ်ဒိုက ၉၄ သန်း၊ နေမာက ၇၈ သန်း၊ ဘတ်စကက်ဘော ကစားသမား စတီဖင်ကာရီက ၇၆ သန်း၊ ကီဗင်ဒူးရန့်က ၇၄ ဒသမ ၈ သန်း၊ တင်းနစ်အကျော်အမော် ဖက်ဒဲရားက ၇၄ ဒသမ ၄ သန်း၊ လက်ဝှေ့ အကျော်အမော် အယ်ဗာရက်စ်က ၇၃ ဒသမ ၇ သန်း၊ ဘေ့စ်ဘောအကျော်အမော် တွမ်ဘရက်ဒ် လေက ၆၈ ဒသမ ၇ သန်းနှင့် ဘတ်စကက်ဘော ကစားသမား ကွန်ပိုက ၆၆ ဒသမ ၃ သန်းဖြင့် အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။