(၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ Ha Nam Gymnasium ၌ မေ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။
မြန်မာအသင်းသည် ကျော်ထက်အောင်(ဂိုး)၊ မျိုးသက်အောင်၊ ဝေဇင်ဦး၊ ခင်ဇော်လင်း၊ သိုင်းဘွဲ့အောင်တို့ဖြင့် ပွဲထုတ်ခဲ့ပြီး ပွဲချိန် ပထမပိုင်း အစပိုင်းတွင် မြန်မာအသင်းအမှားကို အခွင့်ကောင်းယူပြီး အင်ဒိုနီးရှားအသင်းက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ပြီး ပထမပိုင်းအပြီးတွင် အင်ဒိုနီးရှားအသင်းက ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းကစားပုံပိုကောင်းခဲ့ပြီး နောက်ထပ် ၅ ဂိုးသွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် မြန်မာအသင်း ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအဖြစ် မေ ၁၆ ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ မေ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ မေ ၂၀ ရက်တွင် မလေးရှားအသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားရ မည်ဖြစ်ကြောင်း သိရသည်။
ကျော်လွင်