နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော်  မေ  ၁၄

မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ (စနေနေ့)၌ ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော်ရှိ မဟာဗောဓိညောင်ပင်ကို   ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် တောင်းဆုရ “ဝ” စေတီတော်၊  ညီတော် ဘုရားလိုဏ်ဂူတော်အတွင်းရှိ ရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားမှူးက “နမောတဿ” ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍  “မဟာဗောဓိရုက္ခသိဉ္ဇနပူဇာ”ဂါထာတော်အား ရွတ်ဖတ်ပူဇော်ကာ  အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစုများသည် တောင်းဆုရ “ဝ” စေတီတော်ပရိဝုဏ်အတွင်းရှိ “မဟာဗောဓိ” ညောင်ပင်အနီးတွင် ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြကာ သတ်မှတ်ထားသည့်နေရာများမှ အဖွဲ့လိုက် “မဟာဗောဓိ” ညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ်” ရွတ်ဆိုဆုတောင်း၍ ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။    

(၁၀၀)