တောင်ငူမြို့နယ်အတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်

တောင်ငူမြို့နယ်အတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ မေ - ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တောင်ငူမြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးသတ်ဖြတ် မှုများကျူးလွန်လျက်ရှိသော အကြမ်းဖက်သမားများထံမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။