မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ချီးမြှင့် ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ချီးမြှင့် ငွေပေးအပ်

နေပြည်တော်၊ မေ - ၁၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ မတ် ၂၇ ရက်နေ့ အမိန့်ကြေငြာစာအမှတ်(၅၄/၂၀၂၂)ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိကြသည့် တပ်ဖွဲ့ဝင် များအား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲသူရိန်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိ သည့် တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ မတ် ၂၇ ရက်နေ့ အမိန့်ကြေငြာစာအမှတ် (၅၄/၂၀၂၂)ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြ သည်။

၎င်းနောက် တိုင်းမှူးက နိဂုံးချုပ်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။