စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း(အမျိုးသမီး) အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲ ပြုလုပ်
နေပြည်တော်၊ မေ - ၁၅
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (လားရှိုး)တွင် စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း(အမျိုးသမီး)အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ၊ မိဘဆွေမျိုးများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားနှင့် ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဉက္ကဋ္ဌ တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်းဆင်းလက်မှတ်များ၊ ရှေးဦးသူနာပြုစုနည်းလက်မှတ်များနှင့် သက်မွေးထူးချွန်ဆုရရှိသူတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသူ များကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်တန်းသူများ၏ ကိုယ်ကာယလေ့ကျင့်ခန်းသရုပ်ပြသမှုများအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ယနေ့အထိ သင်တန်းသူ ၂၁ ဦးဖြင့် သင်တန်းကာလ ၃ လကြာဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။