အသွားအလာ ကန့်သတ်ထားသည့် မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၄

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသောက်မှုအဆင်ပြေစေရန် လှူဒါန်းထောက်ပံ့မှုများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော် ရပ်ကွက်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် မိသားစုများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆန်၊ ကြက်ဥ နှင့်  နှာခေါင်းစည်းများကို  သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။